fbpx
image

၂၀၂၃ အတွက် နောက်ဆုံးထွက် အလင်းသူရဲကောင်းအသစ်

21
၂၀၂၃ အတွက် နောက်ဆုံးထွက် အလင်းသူရဲကောင်းအသစ်

သူရဲကောင်းအမည်: ShuRa (ခန်းမဆောင်ဓားသွား)

Light Element, Assassin [Crit] ⭐⭐⭐⭐⭐

ရာဇဝင်

သိပ္ပံတိုက်ကြီးမှလာသော ShuRa တဖြစ်လည်း စက်ရုပ်နင်ဂျာသည် Galaya ၏ ခွင့်ပြုချက်ဖြင့် ထွက်ရပ်ပေါက်လူသားဖြစ်လာပြီး Mu တိုက်ကြီးသို့ ရောက်ရှိလာခဲ့သည်။

Mu တိုက်ကြီးသည် အလင်းနတ်မင်း Galaya ဖန်တီးထားသောနေရာဖြစ်သည်။ ဤနေရာတွင် အလင်းနတ်မင်း၏ ချီးမြှောက်မှုသာရှိပြီး ပြဿနာများ တိုက်ပွဲများမရှိ၍၊ ခံစစ်များ စစ်သည်တော်များလည်း မလိုအပ်ပေ။ ShuRa သည် ခုခံရေးအဖွဲ့၏အဖွဲ့မှူး ဖြစ်၍ တာဝန်မှာ တပ်သားသစ်ရှာဖွေရန်ဖြစ်သည်။ Mu တိုက်ကြီးတွင် မလိုအပ်သည့် ရာထူးနေရာတခုပင်ဖြစ်သည်။

သို့သော်လည်း သူမ၏အစွမ်းအစကိုမူအထင်မသေးသင့်ပေ။ အသုံးမကျသောထွက်ရပ်ပေါက်သူ ဆိုသည်မှာ မရှိကြောင်း နားလည်ထားရန်လိုသည်။ အလွန်ထက်မြတ်သော သူသာလျှင် အလင်းနတ်မင်း Galaya မှ ရွေးချယ်ကာ Mu တိုက်ကြီးသို့ပို့ဆောင်‌တတ်လေသည်။ ShuRa သည် သိပ္ပံတိုက်ကြီးတွင် အထူးချွန်ဆုံးသော သူတစ်ဦးဖြစ်ခဲ့သည်ကိုလည်း မေ့မထားရန်လိုသည်။ ဤရာထူးကို အဘယ်အကြောင့် ShuRa ရွေးချယ်ခဲ့သလဲဆိုသည်ကို အလင်းနတ်မင်း Galaya ကိုယ်တိုင်ပင် မသိခဲ့ချေ . . .

စကေး

Skill 1: လဝန်းဖြတ်

ရန်သူဘက်မှ Hp အနည်းဆုံးပစ်မှတ်ကို 417% Physical Damage ဖြစ်စေပြီး၊ Damage သည် ၎င်း၏ Def 30% ကို မျက်ကွယ်ပြုကာ အပိုထပ်ဆောင်း Actual Damage 50% ထပ်တိုးနိုင်မည်။ ထို့အပြင် ပစ်မှတ်ကိုယ်ပေါ်မှ buff များအားလုံးကို မိမိအပေါ်သို့ပြောင်းလဲနိုင်မည်။ တိုက်ခိုက်တိုင်းတွင် မိမိကိုယ့်ကို [နတ်အလင်းဓား] 1 ထပ် ပေါင်းနိုင်ခြေ 80% ရှိမည်။ ပစ်မှတ်ကို [ချုပ်လှောင်] နိုင်ခြေလည်း 40% ရှိမည်။ ထို့အပြင် Hp အနည်းဆုံးပစ်မှတ်ကို Atk Power 250% ရှိသော Physical Damage  သက်ရောက်နိုင်ခြေ 40% ရှိလာနိုင်မည်။

Skill 2: နန်းဆောင်တော်

Atk 25% တိုးလာပြီး Hp 20% တက်လာမည်။ Crit ဖြစ်နိုင်ခြေ 5% မြင့်လာနိုင်ကာ သေစေနိုင်သော Damage ထိချိန်တွင် မိမိအပါအဝင် Ally များအားလုံး Debuff များ ပျက်ပြယ်နိုင်မည်။ ထို့နောက် ShuRa ၏ အမြင့်ဆုံး HP 50% ဖြင့် ပြန်လည်နိုးထလာမည်။ [နန်းဆောင်တော်] အစွမ်းထွက်ပေါ်လာနိုင်မည်ဖြစ်ပြီး မိမိကိုယ်ကို [ပြိုင်ဘက်ကင်းဒိုင်း] ပေါင်းထည့်မည်။ ပွဲစဉ် 2 လှည့်ဆက်သုံးနိုင်ပြီး၊ တိုက်ပွဲတိုင်းတွင် 1 ကြိမ်သာ သုံးနိုင်မည်။

Skill 3: သွေးနီလျှပ်ဖြတ်

ရန်သူဘက်မှ အဖွဲ့ဝင်အားလုံးကို 180% Actual Damage သက်ရောက်နိုင်ပြီး Hp အများဆုံး Damage 6% ပေါင်းနိုင်မည် (Atk ၏ 3 ဆ ထက်မကျော်ပါ) အကယ်၍ ပစ်မှတ်သည် ဒဏ်ခတ်ခံထားရသော အခြေနေတွင်ရှိပါက၊ ဤအလှည့်အတွက် Damage သည် 20% ထပ်တိုးမည်။ ပစ်မှတ်ကိုယ်ပေါ်မှ buff 1 ခု ပယ်ဖျက်နိုင်မည်။ ထို့နောက် [ဒဏ်ခတ်] မှု 1ထပ် ထပ်ပေါင်းနိုင်ခြေလည်း 30% တိုးလာမည်။ 

Ultimate Voice Line: Give me Your POWER !!!

Skill 4: ဓားချက်တစ်ထောင်

တိုက်ပွဲစတင်စဉ်တွင် ShuRa သည် မိမိအဖွဲ့သားအားလုံးကို [အထူးပုံစံ] Buff ပေါင်းထည့်ပေးနိုင်မည်။ ရန်သူဘက်မှ အားလုံးကို Physical Damage 100% ဖြစ်စေမည်။ ဤအကြိမ်တိုက်ခိုက်မှုသည် ဒိုင်းကာအစွမ်းကို မျက်ကွယ်ပြုနိုင်မည်။ ရန်သူဘက်မှ Atk Power အများဆုံး ပစ်မှတ်ကို [ဓားပျံရိပ်] ထပ်ပေါင်းနိုင်မည်။ ShuRa သည် သာမန် Atk တိုက်ခိုက်ခံရပြီးနောက် မိမိကိုယ်ကို [နတ်အလင်းဓား] အစွမ်း 1ထပ်ပေါင်းနိုင်ခြေ 60% ရှိမည်။

ShuRa ၏ သာမန် Atk သည် 10% သော Actual Damage ကိုလည်း အပိုထပ်ပေါင်းထည့်နိုင်မည်။ Ally များမှ သာမန် Atk (သို့မဟုတ်) Skill သုံးချိန်တွင်လည်း ShuRa မှ တူညီသော ပစ်မှတ်ကို [ဝိညာဉ်ဓားပျံ] အစွမ်း 1ကြိမ် ကျပန်းသုံးနိုင်ပြီး ပစ်မှတ်ကို Physical Damage 100% ဖြစ်စေနိုင်ကာ 25% Actual Damage ထိစေနိုင်မည်။ ရန်သူဘက်မှ ကျပန်း1 ယောက်ကို buff အစွမ်း 1 ခု လျော့စေနိုင်မည်။

(အဖွဲ့ဝင်များ ပုံမှန်အတိုင်း အလှည့်ကျတိုက်ခိုက်ရာတွင် အများဆုံး 1 ကြိမ် ထုတ်သုံးနိုင်မည်။ တိုက်ပွဲတိုင်းတွင် အများ‌ဆုံး 5 ကြိမ်ထုတ်သုံးနိုင်မည်။)

ShuRa ၏ skill preview video

ShuRa ၏ ဆက်စပ် Skill Effect များ

နတ်အလင်းဓား: ဤအခြေအနေရှိသူသည် အဆင့်တိုင်းတွင်း Atk Power 3% နှင့် Crit ထိနိုင်ခြေ 3% တိုးလာမည်။ ပေါက်ကွဲဒဏ်ရာရနိုင်မှုလည်း 3% တိုးလာမည်ဖြစ်ပြီး အလွှာထပ်ပေါင်းနိုင်မည်။ ပယ်ဖျက်၍ မရနိုင်ပါ။

နန်းဆောင်တော်: ဤအခြေအနေရှိသူသည် [Damage] [30%] တိုးလာနိုင်ပြီး၊ [Crit] လည်း [30%] တိုးတက်လာမည်။ ထိန်းချုပ်မှုကို ခုခံနိုင်ပြီး၊ ပယ်ဖျက်၍ မရနိုင်ပါ။

ပြိုင်ဘက်ကင်းဒိုင်း: မည်သည့် Damage မှမခံရနိုင်ပါ။

အထူးပုံစံ: Ally အားလုံး နောက်ဆုံး Damage 5% တိုးလာမည်။ ပယ်ဖျက်၍ မရနိုင်ပါ။

ချုပ်လှောင်: မလှုပ်ရှားနိုင်ဘဲ Def 20% လျော့နည်းမည်။ ပွဲစဉ်1 လှည့် ကြာနိုင်မည်။

ဓားပျံရိပ်: ဤအခြေအနေရှိသောသူသည် ကုသအစွမ်း 50% လျော့ကျမည်။ Damage ထိခိုက်ခံရမှု 15% တိုးပြီး၊ ဤအစွမ်းကိုပယ်ဖျက်၍ မရနိုင်ပါ။

Hero ရယူနိုင်မှု

အသစ်ထွက်ရှိလာသည့် သူရဲကောင်းများကို စတင်ပါဝင်လာသည့်နေ့မှ တစ်ပတ်အတွင်း Happy Log-in Activity တွင် အခမဲ့တစ်ကြိမ်ရယူနိုင်မည်။

ထို့နောက် Lucky Spin Activity တွင် သတ်မှတ်ကာလအတွင်း လှည့်ဘီးလှည့်၍ ကျပန်းရယူနိုင်မည်ဖြစ်သည်။