

စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်ပါဝင်လာတဲ့ လုပ်ဆောင်ချက်အသစ်နဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
မိတ်ဆက်ခြင်း
လေးစားရပါသော ကပ္ပတိန်ကြီးများခင်ဗျာ၊ Eternal Heroes အား ကစားသူများ တရွေ့ရွေ့တိုးပွားလာသည်နှင့်အမျှ ဆာဗာများလည်း ထပ်မံချဲ့ထွင်လျှက်ရှိပါသည်။ ဇာတ်လမ်းသွားအရ ဂိမ်းတွင်း ကမ္ဘာဖြစ်သော Fonia ကို ကာကွယ်ရန်မှာ ပင်မရည်ရွယ်ချက်ဖြစ်ပြီး ကပ္ပတိန်ကြီးများအနေဖြင့် စွမ်းရည်တူ မိတ်ဖက်များ စုစည်း၍ရှေ့ဆက်နိုင်စေရန် ဂိုဏ်းများ တည်ထောင်ခွင့်ပြုခဲ့ပါသည်။ ယခုအခါ ဂိုဏ်းများ အတွင်းရှိ အသင်းသားများ ပါဝင်မှုလျော့နည်းလာခြင်း ဂိုဏ်းတိုက်ပွဲများ လူမစုံခြင်းတို့ကို သတိပြုမိ၍ ပိုမိုကောင်းမွန်သော ဂိုဏ်းများအဖြစ် ရေရှည်တည်တံ့စေရန် 1Ks ငွေဖြည့်ကဒ် လုပ်ဆောင်ချက် အသစ်ကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ စမ်းသပ်ကာလအတွက် skill pro server များတွင် စတင်ပါဝင်မည်ဖြစ်သည်။
Eternal Heroes Team
ရည်ရွယ်ချက်
1Ks ငွေဖြည့်ကဒ်အကြောင်း
1Ks ငွေဖြည့်ကဒ် သည် မြန်မာငွေ ၁ကျပ်နှင့် ညီမျှသည့် ဂိမ်းတွင်း ငွေပေးချေမှု အစားထိုး အသုံးပြုနိုင်မည့် ဖလှယ်မှုစနစ်ဖြစ်သည်။ ကစားသမားများ အနေဖြင့် ဂိမ်းတွင်းပစ္စည်းများဝယ်ယူရာတွင် ဂိမ်းတွင်းသို့ ငွေဖြည့်သွင်းစရာမလိုဘဲ 1Ks ငွေဖြည့်ကဒ်များ စုဆောင်း၍ လဲလှယ်နိုင်မည်ဖြစ်သည်။ (ဉပမာ – 1800 Ks တန် လက်ဆောင်ထုပ်အတွက် ငွေပေးချေမှု စနစ်များအသုံးပြုစရာ မလိုတော့ဘဲ၊ 1Ks ငွေဖြည့်ကဒ် ၁၈၀၀ ကဒ် ရှိလျှင် လဲလှယ်နိုင်မည်ဖြစ်သည်) ယခု လုပ်ဆောင်ချက်အား စတင်မိတ်ဆက်ချိန်ဖြစ်၍ လတ်တလောတွင် ကိုယ်တိုင်တိုက်ရိုက်လဲလှယ်နိုင်မည် မဟုတ်သေးဘဲ မိမိဝယ်ယူလိုသည့် လက်ဆောင်ထုပ်အား customer service ထံသို့ အကြောင်းကြား၍ အကူအညီရယူနိုင်မည်။ အနည်းဆုံး စတင်လဲလှယ်နိုင်မည့် သတ်မှတ်ချက်မှာ 1800 ကဒ် ဖြစ်သည်။
1Ks ငွေဖြည့်ကဒ် ရယူခြင်း
ဂိုဏ်းတွင်းအသင်းသားများ ပိုမိုပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းလာသည့် စနစ်ဖြစ်၍ 1Ks ငွေဖြည့်ကဒ်များ ရယူနိုင်မည့် နေရာမှာ ဂိုဏ်းဘော့စ်များအားတိုက်ခိုက်ခြင်းပင်ဖြစ်သည်။ ဂိုဏ်းဘော့စ်အား တိုက်ခိုက်ရာတွင် အများဆုံးထိခိုက်စေသူများအဆင့်ဇယား နှင့် ဂိုဏ်းဘော့စ်အားအဆုံးသတ်နိုင်သူ စသည့်နေရာများတွင် ပါဝင်၍ 1Ks ငွေဖြည့်ကဒ်များ ရယူနိုင်မည်။
ဂိုဏ်းဘော့စ်တိုက်ခိုက်မှုအကြိမ်အရေတိုးမြှင့်ခြင်း
ဂိုဏ်းဘော့စ်များအား တိုက်ခိုက်ရာတွင် ယခင်က တနေ့လျှင် ၆ကြိမ်အထိ တိုက်ခိုက်နိုင်ခဲ့ပြီး ဂိုဏ်းတွင်းပါဝင်မှုများ ပိုမိုတိုးတက်လာစေရန် ယခုအခါ ဝယ်ယူနိုင်မည့် အကြိမ်အရေအတွက် အပါအဝင် တနေ့လျှင် ၁၉ ကြိမ်အထိ ပြောင်းလဲမြှင့်တင်လိုက်သည်။ အကြိမ်အရေအတွက်ပေါ်မူတည်၍ ဝယ်ယူရမည့် crystal ပမာဏနှင့် ဝယ်ယူနိုင်မည့် VIP Lv သတ်မှတ်ချက်များလည်း ပါရှိသည်။
အဆုံးသတ်အမှာစကား
Eternal Heroes မှ ဂိမ်းတွင်းလုပ်ဆောင်ချက်များ ပိုမိုကောင်းမွန်လာစေရန် အစဉ်တစိုက်ကြိုးပမ်းလျှက်ရှိပြီး ကစားသမားများအတွက် ဘေးကင်းသော ဂိမ်းတွင်းပတ်ဝန်းကျင်ကို တည်ဆောက်လျှက်ရှိပါသည်။ ယခုလုပ်ဆောင်ချက်အတွက် ဂိမ်းတွင်းဖလှယ်မှုစနစ်အား ကစားသမားနှင့် ဂိမ်းတွင်းပစ္စည်းများ လဲလှယ်ရန်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူများအား ပြန်လည်ရောင်းချခြင်း မသမာသော နည်းလမ်းများအသုံးပြု၍ ကဒ်များ ရယူခြင်းတို့ မပြုလုပ်ရန် အလေးအနက်ထား တားမြစ်ပါသည်။ ဤအစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားဖွယ် တစုံတရာရှိပါက Eternal Heroes Team မှ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်မည်။ မေးမြန်းလိုသည်များ ရှိပါက Eternal Heroes Facebook Page သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ ပိုမိုကောင်းမွန်သည့် ဂိမ်းတွင်းပတ်ဝန်းကျင်တွင် ပါဝင်ရင်း ပျော်ရွှင်စွာ ဆက်လက်ဆော့ကစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
Eternal Heroes Team